တန်ဖိုးရှိသော အချိန်များ
သင့်နှင့် ကျွနုပ် အတူတူပင်ဖြစ်သည်။ မီးချောင်းလေးများသည် လင်းလက်နေသည်။ ခလုပ်ဖွင့်မည် အလင်းရောင် ရမည်။ ခလုပ်ပိတ်သည်။ မီးမှိတ်မည်။ ထိုအတူ မီးချောင်းလေးများ သက်တမ်းကို သင်ဘယ်သို့ တွက်ချက်နိုင်ပါမည်နည်။ မှန်ပါသည်။ အဖြေရှိသည်။ ၄င်းတို့သည် သင်ဆိုင်မှ ၀ယ်ယူပြီးနောက်ပိုင်း မီးခလုပ်ဖြင့် ဖွင့်ခြင်းပိတ်ခြင်းအပေါ်တွင် မူတည်ကာ သက်တမ်းကြာမြင့်သည်။ ဥပမာ အကြိမ်အရေအတွက် ၁၀၀၀ ဆိုပါစို။ အဆိုပါ ၁၀၀၀ ပြည့်သွားသောအခါတွင် မီးချောင်းလေး ကျွမ်းသွားမည်။ ထို့အတူ လူတို့နှင့် နှိုင်းယှဉ်ပါက နှလုံးသားဖြစ်သည်။ အဆိုပါ နှလုံးသား ခုန်နေသရွှေ့ ကျွနှပ်တို့ အသက်ရှင်နေမည်။ နှလုံးရပ်သွားလျှင် တွေးကြည့်ပါ။
မီးချောင်းလေးများ မငြိမ်းခင် သင်အတွက် အလင်းရောင်း၊ အခြားသူများအတွက် အလင်းရောင်ရအောင် ကြိုးစားပါ။