Saturday, November 21, 2009

အေးချမ်းတည်ငြိမ်သောနေရာလေးတစ်ခု

မိတ်ဆွေ ဓါတ်ပုံလေး တစ်ပုံကို ကြည့်လိုက်ပါ။ သူ့နောက်မှ လှပတဲ့ ဘက်ကရောင်းလေးတွေ ပါမယ်ဆိုရင် ဓါတ်ပုံ လေးဟာ ပိုပြီးလှပ ပိုပြီး အသက်ဝင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့လည်း သာယာလှပတဲ့ နေရာမှာ ဓါတ်ပုံလေးတွေ ရိုက်ကြတာပေါ့။ သာယာလှပတဲ့ နေရာလေးတွေဟာ မိတ်ဆွေတို့ရဲ့စိတ်ကို ကြည်နူးစေတယ်။
ဒါကြောင့်မို့ သာယာလှပတဲ့ သဘာဝအလှ နေရာလေးတွေကိုသွားပြီး မိတ်ဆွေတို့အနေနဲ့ စိတ်အပမ်းဖြေမယ်ဆိုရင် ဘ၀အမောတွေ ပြေပျောက်ကျမှာ အမှန်ပါပဲ။ မိတ်ဆွေတို့ သိပါတယ်။ ဒါပေမယ့် မေ့နေတတ်တာပါ။ အချိန်နည်းနည်းလေး ရရင် ရသလောက် ဘ၀အ
မောတွေ ပြေပျောက်ကြပါစေ။
အောင်သုခ

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Tuesday, November 17, 2009

သီချင်းလေးများနဲ့ ဘဝ

သီချင်းလေးများဟာ လူတွေရဲ့ စိတ်ကို ပျော့ပျောင်းနုညံ့စေတာ အမှန်ပါပဲ။
ကျွန်တော် စိတ်ညစ်နေချိန်မှာ သီချင်းလေးတွေ နားထောင်ပါတယ်
အောင်အောင်

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday, November 15, 2009

ဘ၀ကို အေးချမ်းဖို့ ဆိုတာ ကြိုးစားတည်ဆောက်မှုလည်း လိုပါတယ်။

မိတ်ဆွေ
ငွေမရှိသော်လည်း သဘာဝတရားကြီးကို သင်ပိုင်သည်။
အလုပ်သေးသေးမှ ရသော ငွေအနည်းငယ်ဖြင့်လည်း သင်ကြိုးစားလျှင် သာယာသော ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ပါ သည်။ စိတ်ထားဖြူစင်မှု အရင်းခံဖြင့် ကြိုးစားမှန်မှန် .....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Wednesday, November 11, 2009

You can control your hand

you have got a hand. can carry something and u already use along time until now and when u had born.

u move good motion u will get good result and bad motion will get bad things.
u already know about that but sometime u forget that.
Ok let's we go good choice for our life.

thank u for all.
aungthukha

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Friday, November 6, 2009

အဖေ့အတွက် ကြည်နှုးမိပါသည် အဖေ

ကျွန်တော် မိဘနှင့် ခွဲကာ အလုပ်လုပ်နေရပါသည်။ သတင်းတစ်ခု ကြားရသည်။ အဖေ အတွက် စိုးရိမ်မိပါသည်။ အဖေမျက်လုံးတစ်လုံး ခွဲရတော့မည်။ ကျွန်တော် ငွေအမြန်ရှာရမည်။ ငွေတွင်းနက်နေသည်။ သို့သော် ထိုနေ့က ၃၅၀ လစာထဲမှ ရသည်။ အဖေ့အတွက် အပြေးအလွှား ကျွန်တော် ငွေလွှဲပေးလိုက်ပါသည်။ ၃၃၃ ကျသင့်သည်။ ၁၇ ကျပ်ပိုသည်။ ၁၀ ဖုံးထဲထည့်သည်။ အဖေနှင့် ၃ ကျပ်ခွဲဖိုး ဖုံးပြောသည်။ ဖုံးထဲရှိ ကျန်ငွေဖြင့် မိန်းမဆီ ဆက်လိုက်သည်။ ငွေလွှဲသည့်နေ့နှင့် ယနေ့ ၂ ရက်ရှိပြီ။ ကျွန်တော် ထမင်းမစားပါ။ လက်ကျန် ခေါက်ဆွဲထုပ်လေး တွေသာ စားသည်။ မနက်ဖြန်လည်း ချွေတာမည်။ ကျန်ငွေ လစာ မရသရွေ့ သည်းခံရမည်။ အဖေ့သို့ ပေးငွေ နည်းနည်းလေးပါအဖေ။ ဒါပေမယ့် ငွေတွင်းနက်သည်။
အဖေ ကျွန်တော့် အဖေ၊ ကျွန်တော်ချစ်တဲ့ ဖေဖေ မျက်လုံး အမြန်ဆုံးခွဲစိတ်ကုသနိုင်ပါစေ။
အဖေရှိတဲ့ ပုသိမ်မြို့ကို သားအမြန်ပြန်လာပြီး အဖေ့ကို ကျေးဇူးဆပ်ဦးမည်။
အဖေ့အတွက် ဆေးဖိုးငွေ အမြန်ထပ်ရပါစေ ....။
သားကြီး ၅၊ နိုဝင်ဘာ ၂၀၀၉

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Thursday, November 5, 2009

စာသားလေးများ

မတွေးတတ်ခင် ငိုတတ်ခဲ့သည်
အတွေးတတ်လည်း ဆက်ငိုဆဲမို့
အတွေးဆုံးလည်း ငိုနေဦးမလား
ငိုခြင်းရွာမှ လွတ်အောင်ကြိုးစား
ဘ၀တရား

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သာရဝေါသား ကနောင်သွား

ကျွန်တော် သာရဝေါမှာ မွေးသည်၊ ကနောင်မှာ ကြီးပြင်းသည်။
ဧရာဝတီ မြစ်ကြီးကတော့ ကျွန်တော်ခရီးသွားခဲ့သော မြစ်ကြီးဖြစ်သည်။
ကျွန်တော် မြန်မာပြည်ကို ချစ်သည်။
ကျွန်တော် မြန်မာပြည်ကို လွမ်းသည်။
အထူးသဖြင့် အဖေနှင့် အမေကို လွမ်းသည်။
ချစ်သူကို လွမ်းသည်။
ကျွန်တော့် ညီလေးကို လွမ်းသည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သင့်အတွက် အကောင်းဆုံးအချိန်

ယခုအချိန်သည် သင့်အတွက် အကောင်းဆုံးအချိန်ဖြစ်သည်။
အကြောင်းမှာ သင်ကိုယ်တိုင် အိပ်ချင်လျှင် အိပ်နိုင်သည်။
သွားချင်လျှင် သွားနိုင်သည်။
စားချင်လျှင် စားနိုင်သည်။
လုပ်ချင်သောအရာများ လုပ်နိုင်သည်။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုအရာများလုပ်ရန် သင့်အတွက် ခက်ခဲလာလိမ့်မည်။
ထိုအချိန်သို့ မရောက်ခင် လုပ်သင့်သည်များ မြန်မြန်လုပ်ပါ။
အရေးကြီးသော အလုပ်များ အရင်လုပ်ပါ။
သင် အောင်မြင်ပါစေ။
သင် အေးချမ်းပါစေ
အောင်သုခ

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သင့်ဘ၀နှင့် ငွေကြေး

သင်သည် အချိန်မှန်မှန်သာ ငွေကိုစုဆောင်းသွားပါက ထိုငွေဖြင့် အရင်းအနှီးပြုကာ တိုးတက်ကြီးပွားသွားနိုင်ပေသည်။ သို့သော် မှန်မှန်သာ သုံးမြဲသုံးနေပါက
သင့်ဘ၀သည့် စိတ်ညစ်စရာများ အမှန် ရောက်ရှိလာပေမည်။
သုံးနေပါက သင်နေပျော်ပြီး
အသုံးမရှိ သင်စိတ်ညစ်မည်
ခက်လှပါလား ငွေဒဂါး

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

မိသားစုလေးတစ်စု

သင့်မိသားစုလေးတွင် သင့်ဖေဖေနှင့် သင့်မေမေ
သင့်ညီလေး၊ညီမလေးနှင့် အစ်ကို၊အမ
ပျော်စရာလေးဖြစ်ပါသည်။
ညီအစ်ကိုမောင်နှမများအားလုံး၏ စိတ်ထားလေးများ
မပြောင်းခင်အထိ သင်တို့သည် ပျော်ရွှင်စရာကောင်းသော
မိသားစုလေး ဖြစ်နေပေမည်။
အချိန်တန်သောအခါ သင့်တို့၏ စိတ်ထားလေးများ ပြောင်းလဲသွားသော် မညီမညွတ်ဖြစ်နေချိန်တွင်
သင်တို့၏ ဖေဖေနှင့် သင်တို့၏ မေမေက ယခင်အတိုင်း မပြောင်းလဲပဲ နွေးထွေးစွာ ရှိနေပေလိမ့်မည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

လမ်းလျှောက်မယ်ဆိုရင်

သင်သည် လမ်းခရီးတစ်ခုကို သွားမည်ဆိုပါစို့။ ကောင်းသောလမ်းမှ ရွေးသွားလျှင် ကောင်းသောခရီးကို ရောက်မည်ဖြစ်ပြီး မကောင်းသောလမ်းမှ သွားလျှင် .... သင်သိသည်။ အဆိုပါ စကားစုသည် လွယ်မလိုလိုနှင့် ခက်သည်။ အကြောင်းမှာ သိသော်လည်း မလုပ်နိုင်သောကြောင့်ဖြစ်သည်။
သို့သော် လမ်းခရီးတစ်ခု ကောင်းမကောင်းကို အဆုံးထိ သင်မမြင်နိုင်သော်လည်း ရှေ့သို့ကြည့်မည်ဆိုလျှင် ၀ါး ၉ ရိုက်စာလောက်တော့ သင့်မျက်လုံးသည် မြင်နိုင်ပေလိမ့်မည်။
သေချာသည်မှာ သင့်မျက်လုံး၏ မြင်နိုင်သော အတိုင်းအတာတစ်ခုသို့ ကြည့်ကာ သင်ကိုယ်တိုင် အကောင်းအဆို ခွဲပြီး လျှောက်လှမ်းနိုင်သည့် အခွင့်အရေး သင့်တွင်ရှိနေပါသည်။
သင့်ခြေထောက်ဖြင့် သင်လျှောက်နိုင်သည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....